ပူတာအိုမြို့နယ်တွင် ဒေသခံပြည်သူအိမ်ထောင်စုပေါင်း ၆၄၀၂ ဦး လျှပ်စစ်ဓါတ်အား ၂၄ နာရီသုံးစွဲနေပြီ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို ၂၀၁၈ ခုနှစ် ဇွန်လတွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ရာ ယခုအခါ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ဖြန့်ဖြူးသည့် ဓါတ်အားဖြင့် ဒေသခံပြည်သူအိမ်ထောင်စုပေါင်း ၆၄၀၂ ဦးမှာ လျှပ်စစ်ဓါတ်အား ၂၄ နာရီသုံးစွဲ နေပြီဖြစ်ကြောင်း သိရသည်။








