အိမ်သုံးပစ္စည်းများနှင့် အမှတ်တံဆိပ်တူပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် အိမ်သုံးပစ္စည်းများနှင့်အမှတ်တံဆိပ်တူ ပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ(၂၂)ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ရိခေါ်ဒါရ်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုပုံပြောခြင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ Online မှတစ်ဆင့် ကျင်းပ
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်ဦးဆောင်မှုဖြင့် ပညာရေးဌာနနှင့်ပူးပေါင်းကာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှစ်မျိုးကို ဒီဇင်ဘာ ၂၂ ရက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
မြစ်ကြီးနားမြို့ရှိ မျက်မမြင်ကျောင်းသို့   ငွေကျပ်(၁၀)သိန်းလှူဒါန်း
ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်အကြို မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အုပ်စု ဂျန်မိုင်းကောင်း နယ်မြေရှိ မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းသို့ ခရစ္စမတ်လက်ဆောင် အလှူငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက အလှူရှင်များ အဖွဲ့က  သွားရောက်လှူဒါန်းခဲ့ကြ
ဝက်လက်မြို့၌ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စု ၃၀၀ ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းက သရဖူ လက်ဖက်ရည် ဆိုင်ရှေ့တွင် အိမ်ထောင်စုပေါင်း ၃၀၀ ကို အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
မြစ်ကြီးနားမြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူ (၁၆၅)ဦးအား  အရေးယူ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ညမထွက်ရ အမိန့် အား ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၈ ရက်မှ စတင်ကာ ထုတ်ပြန်ကြေညာထားခဲ့ပြီး ယနေ့အထိ ညမထွက်ရ အမိန့်အား ဖောက်ဖျက်ကျူးလွန်သူ(၁၆၅)ဦးအထိ  အရေးယူထားကြောင်း မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက   ပြောပြ
အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက် တစ်နိုင်တစ်ပိုင်(Home garden)စိုက်ပျိုးရေးနည်းစနစ် မှန်ကန်ရေး ပညာပေး ကွင်းသရုပ်ပြ
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဒိုင်းပြကျေးရွာအုပ်စု ပုတိန်ကုန်းကျေးရွာတွင် တောင်သူလယ်သမားများ Covid-19  ကာလအတွင်း Home garden စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးပညာပွဲ ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ  ၂၂ ရက်က ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း ကိုဗစ်-၁၉ ကာလတွင်း ဈေးနှုန်း အမြင့်ဆုံး ရောင်းချရ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုရှိ ကျေးရွာများ မြေအောက်ရေသွင်းပြောင်းဖူးစိုက်ပျိုးကြရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဈေးနှုန်းအမြင့်ဆုံးရောင်းချနေရကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူးပွဲစား ဦးဝင်းတင့်ထံမှ သိရ