ရန်ကုန်တိုင်းဒေသကြီးအတွင်း လူစုလူဝေးမဖြစ်စေရေးအတွက် အများပြည်သူ စုဝေးတတ်သော နေရာများကို ခေတ္တပိတ်ထားမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေး မဖြစ်စေရေးအတွက် အများပြည်သူ စုဝေးတတ်သောနေရာများကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီက သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။


