နမ့်ခမ်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ကုသစက်နှင့်ဆေးပစ္စည်းများ ပေးအပ်လှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှု မရှိစေရေးနှင့် သားအိမ်ခေါင်းကင်ဆာ ကုသရာတွင် အဆင်ပြေစေရေးအတွက် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ကုသစက်နှင့်ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။