လုံးခင်းကျေးရွာအုပ်စု  ကျေးရွာချင်းဆက်လမ်းပြိုကျ၍ ယာယီပိတ်ထားရ
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆိုင်းရာရွာသစ်ကျေးရွာ အနောက်ဘက် ကျေးရွာချင်းဆက် ရွာလမ်းအဝင်ရှိ တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်ဟောင်းအနီးတွင်  ယနေ့    နံနက် ၇ နာရီက လမ်းမြေပြိုကျမှုဖြစ်ပွားခဲ့၍  ယာယီပိတ်ထားရကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဉီးက ပြောသည်။
မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲကြုံတွေ့ နေရ သည့်  မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ အထည်ချုပ်စက်ရုံများမှ မြန်မာအလုပ်သမား ၁၇၀ အတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် ၎င်းတို့၏ ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်မှု ဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား အထူးလေယာဉ်အား ပြေးဆွဲခဲ့သည်။
ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်း
ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်။
ငါ့သရောက်မြို့၊ အိုင်ကြီးကျေးရွာတွင် ကြောင်ပန်းပင်များပေါ်၌ ကျိုင်းကောင်များကျရောက်နေမှု တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့၊ ကမ္မကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာတွင် ကြောင်ပန်းပင်များပေါ်၌ ကျိုင်းကောင်များ ကျရောက်နေကြောင်း ဒေသခံတောင်သူများ၏ သတင်းပေးချက်အရ ဩဂုတ် ၁၄ ရက်၊ နံနက် ၁၀ နာရီက ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်(မြေ၊ မျိုး၊ ပိုး)တာဝန်ခံများနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအဖွဲ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မဟာနန္ဒာကန်တော်(၂)အတွင်းသို့ ငါးသားပေါက်နှင့် ရေချိုပုဇွန်သား‌ပေါက်များ မျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်

ရွှေဘို ၁၅   ဩဂုတ်