ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၃၁၁ ဦး မြဝတီ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ ယနေ့ ဆက်လက်ဝင်ရောက်

မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံမှခရိုင်ဒေသ အသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည်ယနေ့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက်လာရာ အမျိုးသား(၁၉၈)ဦးနှင့်အမျိုးသမီး(၁၁၃ )ဦး စုစုပေါင်း(၃၁၁)ဦးဖြစ်သည်။