ပုသိမ်မြို့တွင် ကိုဗစ်ကာလ စီးပွားရေးပြန်လည်ကုစားရေး အစီအစဉ်အရ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်သန့်ဆေးရည်ပြုလုပ်နည်း သင်တန်းဖွင့်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကိုဗစ်ကာလ စီးပွားရေးပြန်လည်ကုစားရေး အစီအစဉ်အရ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မေတ္တာဖောင်ဒေးရှင်းတို့ ပူးပေါင်း ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်သန့်ဆေးရည်ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။