ထီးလင်းမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ တာဝန်ရှိသူများကွင်းဆင်း စစ်ဆေး

ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အစိုးရငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးပြီဖြစ်၍ အဆိုပါလုပ်ငန်းများ ကိုဂန့်ဂေါခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ခရိုင်တည်ဆောက်ရေး လုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထီးလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်အောင်၊ ခရိုင်နှင့်မြို့နယ်အဆင့်  တာဝန်ရှိသူများက သြဂုတ် ၁၁ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျွဲတပ်ရွာမကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေး
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၆ - ၂၀၁၇ ခု ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ကျွဲတပ်ကျေရွာအုပ်စု၊ ကျွဲတပ်ရွာမကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတို့တွင် မဲစာရင်း လာရောက်ကြည့်ရှုသူ ၆၅၀၀၀ ရှိ

နတ်မောက်  ၁၂  သြဂုတ်    

မိုင်းခတ်မြို့နယ်၌ ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးများတိုက်ကျွေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုဌာနမှ ရပ်ကွက်၊ ကျေးရွာ/ အုပ်စုများရှိ ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရက်ကွက်(၁) အတွင်းမှ အသက်၆လမှ ၅နှစ်အထိ ကလေးများအား ဗီတာမင်(A)ကိုလည်း ကောင်း၊အသက်၂နှစ်မှ၉နှစ်အထိ ကလေးများအား သန်ချဆေးကို လည်းကောင်း တိုက်ကျွေးခဲ့ကြောင်း သိရ
ရှမ်းရွာသစ်မြို့တွင် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုသူ (၄၀၆၃)ဦးရှိပြီး ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းနှင့် ကန့်ကွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ စတင်ကာ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဘောလခဲမြို့နယ် ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် စေရေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မြေပြင်ကွင်းဆင်းစစ်ဆေး
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဘောလခဲမြို့နယ် အတွင်း ကျေးရွာများရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးခြင်း ကို သြဂုတ် ၈ ရက်မှ ၁၁ ရက်‌အထိ နံနက်ပိုင်းမှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကျေးရွာ အရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
တနိုင်းမြို့နယ်၌  မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေမှ ၅၀ ရာခိုင်နှုန်းဖြင့် အ.မ.က KG ကျောင်းဆောင် ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိုင်းခွန်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်း မြစိမ်းရောင် စီမံကိန်း(၃)နှစ်ပြည့် အတိုးရငွေမှ ၅၀ ရာခိုင်နှုန်း ငွေကျပ်သိန်း(၁၂၀)ဖြင့် ကျေးရွာ (အ.မ.က KG) ကျောင်းဆောင် ပေ(၃၀ x ၂၆ x ၁၂)ဆောက်လုပ်နေမှုအား ဩဂုတ် ၁၁ ရက် နံနက် ၁၁ နာရီက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးနှင့် အငယ်တန်းအင်ဂျင်နီယာ(၂)တို့က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ