ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား (၃၇၆)ဦး မြဝတီ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂)ဂိတ်မှ ဆက်လက်ဝင်ရောက်
ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိအစီအစဉ်များဖြင့် မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂)ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာရာ ယနေ့ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အမျိုးသား(၂၁၉)ဦးနှင့် အမျိုးသမီး(၁၅၇)ဦး စုစုပေါင်း(၃၇၆)ဦး ရှိကြောင်း သိရသည်။