ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ မာဒေးကျေးရွာတွင် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို နို၀င်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။