ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူများနှင့် ကွင်းဆက်များဖော်ထုတ်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူများနှင့် ကွင်းဆက်များအား ဖော်ထုတ် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့  ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ယမန်နေ့ နံနက်ပိုင်းက အလှူရှင်များမှ ကျန်းမာရေးသုံးပစ္စည်းများ လာရောက်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့နယ် အောင်းတောင်ကျေးရွာတွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းတောင်ကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နန်းယွန်း-ပန်ဆောင်လမ်းပိုင်း အဆင့်မြှင့်တင်ရန် ကွင်းဆင်းစစ်ဆေး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း-ပန်ဆောင်လမ်းပိုင်းအတွင်းရှိ ကျောက်ခင်းလမ်း ၅ မိုင်၊ အဆင့်မြှင့်တင်မည့်လုပ်ငန်းအား နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း .....
ဝန်ကြီးချုပ်ဦးလှမိုးအောင် လေးမျက်နှာမြို့နယ်အတွင်း မြို့အဝင်/အထွက်များတွင် ဖွင့်လှစ်ထားရှိသော ကိုဗဏ် - ၁၉ ရောဂါ စစ်ဆေးရေးဂိတ်များအား လိုက်လံကြည့်ရှု့အားပေးခဲ့ပြီး စွန့်လွတ်မြေများ ပြန်လည်ပေးအပ်ပွဲ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထား ဆောင်ရွက်လျက်ရှိပြီး ယနေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဉီးဌေးဝင်း၊ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီး ဉီးတင်အောင်ဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးရေးဂိတ်များသို့ သွားရောက် စစ်ဆေးခဲ့သည်။