ကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကူတော်ကျေးရွာ အုပ်စုတွင် ကုလားပဲ မျိုးသန့်မျိုးပွားစံပြကွက် စိုက်ပျိုးရန် တောင်သူ(၁၁)ဦး၏ လယ်မြေ (၅)ဧကတွင် မြေနေရာရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။