မန္တလေးတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၁၈၀၀ ကျော် အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်းပေါင်း ၂၅ လမ်း ဖောက်လုပ်ပေးမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်တွင် ယခုဘဏ္ဍာရေးနှစ်၌ ငွေကျပ်သန်း ၁၈၀၀ ကျော်အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်းပေါင်း ၂၅ လမ်း ဖောက်လုပ်ပေးရန် လာမည့် ဒီဇင်ဘာလအတွင်း၌ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတ္တမအကြိမ် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး ကျင်းပ
သတ္တမအကြိမ် မြန်မာအိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အာဆီယံလူ့အသိုက်အဝန်းကို အကာအကွယ်ပြုခြင်းဆိုင်ရာ Regional Webinar အစည်းအဝေး ကျင်းပ
ကမ္ဘောဒီးယားနိုင်ငံရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာန (ARMAC) တွင် ကိုဗစ်-၁၉ ကာလအတွင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ် အသိပညာပေးမှု (Explosive Ordnance Risk Education) အကောင်အထည်ဖော်ခြင်းဖြင့် အာဆီယံ လူ့အသိုက်အဝန်းကို အကာအကွယ်ပြုခြင်းဆိုင်ရာ Regional Webinar အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အင်းဝရောက်သူတိုင်း အထူးအလေးထား ဖူးမြော်သည့် မဟာမြတ်မုနိ (ခ) စန္ဒာမုနိဘုရား
မန္တလေးမြို့ အနောက်တောင်ဘက် မိုင် ၂၀ အကွာ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၅၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၇ မိနစ်၊ ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၅ ပေ ဒုဌဝတီမြစ်နှင့် ဧရာဝတီမြစ်ဆုံရာနေရာကို သွားလိုက်သည်နှင့် သမိုင်းဝင်စိတ်ဝင်စားဖွယ်ရာ အင်းဝမြို့ဟောင်း တည်ရှိနေသည်။ ကိုဗစ်-၁၉ မဖြစ်ခင်ကာလက ခရီးသွားဧည့်သည်များသည် သစ်ပင်လိုဏ်ဂူတန်းဟု တင်စားထားသည့် အိုးတုတ္တန်းလမ်းကလေးမှ ဒုဌဝတီမြစ်နံဘေးသို့ သွားလေ့ရှိသည်။
လေ့လာစရာ ရှေးခေတ်တန်ဆောင်တိုင် မသိုးသင်္ကန်းရက်လုပ်ခြင်း အဆင့်ဆင့်
တန်ဆောင်မုန်းလ ရောက်သည်နှင့် မြန်မာနိုင်ငံဒေသ အသီးသီးတွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲများကို ကျင်းပလေ့ရှိသည်။ ရက်ကန်းလုပ်ငန်းကို ရှေးခေတ်အခါက မြန်မာအမျိုးသမီးများသည် ဂျပ်ခုတ်ရက်ကန်းစင်များမှ စတင်ရက်လုပ်ခဲ့ပြီး ယခုကာလတွင် လွန်းပျံရက်ကန်းစင်များဖြင့် ရက်လုပ်ကပူဇော်လာသည်။
ရာသီပေါ် မယ်ဇလီဖူးချိုးသူများ အဆင်ပြေ
တန်ဆောင်မုန်းလတွင် မယ်ဇလီဖူးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ မယ်ဇလီဖူးချိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ မန္တလေးမြို့အနီးတွင် မယ်ဇလီပင်များမှာ ကားလမ်းဘေးဝဲယာတွင် အများစုတွေ့နိုင်သည် မယ်ဇလီဖူးမှာ ဆေးဖက်ဝင်ကာ သုပ်စားပါက