အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် EUROCHAM MYANMAR, Garment Advocacy Group မှ Ms. Karina Uferte နှင့် Mr. Serkan Tanka တို့ ဦးဆောင်သည့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်ရေးနှင့် အထည်ချုပ်ကဏ္ဍ ကျွမ်းကျင်မှုမြှင့်တင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။