ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်း ဟားခါးမြို့ရှိ ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်း (ချင်းပြည်နယ်တာဝန်ခံ)နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီက ဟားခါးမြို့ပေါ် ရပ်ကွက် (၈)ရပ်ကွက်ရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။


