နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေး အဓိကထား ဆောင်ရွက် ပေးလျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကျောက်လမ်းခင်းခြင်း (၁၀)မိုင် ခွင့်ပြုငွေကျပ် ၁၀၆၆ ဒဿမ ၇၃ သန်းကတ္တရာထပ်ပိုးလွှာခင်းခြင်း ပေ ၁၁၀ဝ ခွင့်ပြုငွေကျပ် ၁၂ ဒဿမ ၉ သန်း၊ (၂)ဖာလုံလမ်းချဲ့ခြင်း၊ Step Bar ခံခြင်းခွင့်ပြုငွေကျပ် ၈ ဒဿမ ၃၅၅ သန်း၊ (၃၅)ပေ သစ်သားတံတား ပြုပြင်ခြင်းခွင့်ပြုငွေကျပ် ၈ ဒဿမ ၃၄၄ သန်းနှင့် Box Culvert(၂၃)စင်း တည်ဆောက်ခြင်း ခွင့်ပြုငွေကျပ် ၉၆ ဒဿမ ၇၉၄ သန်းစုစုပေါင်းခွင့်ပြုငွေကျပ် ၁၁၉၃ ဒဿမ ၁၂၃ သန်းဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရ