ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ Rapid Test Kit ဖြင့် စတင်စစ်ဆေး
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(ဝ/၅)နှင့် (ဝ/၆)အကြား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် ရန်ကုန်တိုင်းဒေသကြီးဘက်မှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်နှင့် ခရီးသည်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ Rapid Test Kit ဖြင့် ပူးပေါင်းစစ်ဆေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စစ်ဆေးခဲ့ပြီးချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။







