ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ကမ်းပါးပြိုကျ၍ ပြောင်းရွှေ့ရသည့် အိမ်ထောင်စုအား ထောက်ပံ့ ပစ္စည်းပေးအပ်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့၏ ပံ့ပိုး လမ်းညွှန်မှုဖြင့် ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ စစ်တောင်း မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနိုင်သည့် အန္တရာယ်ဖြစ်ပေါ်လာနိုင်သဖြင့် နေအိမ် တစ်လုံး (၂) လုံး ပြောင်းရွှေ့ခဲ့ရမှုအပေါ် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်း ထောက်ပံ့ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရ








