မင်းဘူးမြို့တွင် ရေစီးရေလာကောင်းမွန်စေရေး ကျောက်ရိုးစီရေနုတ်မြောင်း ဆောင်ရွက်နေမှု ၇၅ ရာခိုင်နှုန်းခန့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းရေစီးရေလာကောင်းမွန်စေရေး အတွက် အမှတ်(၃) စက်ဝိုင်းရပ်ကွက်တွင် အရှည်ပေ ၁၆၀၀ အား အကျယ် ၅ ပေခွဲ၊ အနက် ၃ ပေခွဲ ကျောက်ရိုးစီရေနုတ်မြောင်း တူးဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းပြီးစီးမှု ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။ 
ကွမ်းလုံမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကပ်ထားကြေညာ

ကွမ်းလုံ  ၁ အောက်တိုဘာ

 

ယနေ့တွင် ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၁၀၁၀ ဦးတွေ့ရှိ

(၁-၁၀-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ

 

ပင်လုံမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ ပင်လုံမြို့ရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)နှင့် ကျေးရွာအုပ်စု(၆) အုပ်စုရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။ 
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနား Video Conferencing စနစ်ဖြင့်ကျင်းပ
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို  ယနေ့နံနက် ၁၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။