စေတုတ္တရာမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှံးခဲ့သော တောင်သူများအား ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ 
မြန်မာ့ရော်ဘာ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေး နှီးနှောဖလှယ်ပွဲကျင်းပ 
မြန်မာ့ရော်ဘာ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးနှီးနှော ဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။ 
ချင်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ် အဖြစ်(၁၄)ရက်ကြာ ထပ်မံကပ်ထားကြေညာသွားမည်
ချင်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် (၁၄)ရက်ကြာ ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မင်းတပ်မြို့၌ မြို့ဝင်/ထွက်ဂိတ်များနှင့် Quarantine Centre များ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး
မင်းတပ်ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးဇော်မိုးထိုက် နှင့် အဖွဲ့ဝင်များက မင်းတပ်မြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား ထားရှိမည့်နေရာ ပြင်ဆင်ထားရှိမှုနှင့် မြို့အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်မှုအခြေအနေများ ကို ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်
မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့ နေရသည့်  မြန်မာနိုင်ငံသား (၁၇၃) ဦးအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ခေတ်မီလူထုဆက်သွယ်ရေးနည်းလမ်းများ သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲကျင်းပ
Information Matrix က ကြီးမှူးကျင်းပသော ခေတ်မီလူထုဆက်သွယ်ရေးနည်းလမ်းများ သရုပ်ပြအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊  ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ ချိတ်ဆက်ပါဝင်တက်ရောက်ကြပြီး Information Martrix နှင့် Sprinklr  မှ တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက သက်ဆိုင်ရာနေရာများမှ ချိတ်ဆက်တက်ရောက်ကြသည်။
မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၃၀၀) ခန့်ထားရှိမည့် ယာယီဆေးရုံဆောက်လုပ်လျက်ရှိ
မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၃၀၀) ခန့်ထားရှိမည့် ယာယီဆေးရုံဆောက်လုပ်လျက် ရှိကြောင်း သိရသည်။