မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ ၂၀ တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြေသားရေကန်တူးဖော်ခြင်း၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် Cash For Work စီမံကိန်းဖြင့် ကျေးရွာ (၂၀)တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော မြေသားရေကန်တူးဖော်ခြင်း၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် လမ်းဘေးဝယ်ယာ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လေးမျက်နှာမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁)နာရီက လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းစက်ချုပ်လုပ်ငန်းဖြင့် ဝင်ငွေတိုးပွားလျက်ရှိ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဝါးနက်ကုန်းကျေးရွာအုပ်စု ဝါးနက်ကုန်းမြောက်ဘက်ကမ်းတွင် မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းစက်ချုပ်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
ငမိုးရိပ်လျှပ်စစ်ရေတင်လုပ်ငန်း ရေပေးမြောင်းဧရိယာအတွင်း ပါဝင်သွားသော လယ်မြေဧကများအတွက် မြေယာနစ်နာကြေးပေးအပ်
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ ငမိုးရိပ်လျှပ်စစ်ရေတင်လုပ်ငန်း ရေပေးမြောင်း ဧရိယာအတွင်း ပါဝင်သွားသော လယ်မြေဧကများအတွက် မြေယာနစ်နာကြေး ထောက်ပံ့ငွပေးအပ်ခြင်းကို
ဂျော်ဒန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား မြန်မာသံရုံး၊ တဲလ်အဗီးမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၉ ၃၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ ကြပါသည်။
အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၅၀)နှင့် လိုအပ်သည့်ပစ္စည်းများ သွားရောက်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၅၀)နှင့် လိုအပ်သည့်ပစ္စည်းများကို ယနေ့ နံနက် ၉ နာရီခွဲက သွားရောက်၍ ဆရာတော်များနှင့် တွေ့ဆုံဖူးမြော်ကာ လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့် ရွှေဘိုမြို့ရှိ Quarantine Centre များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တစ်နေ့တာ အာဟာရဒါန ကုသိုလ်ပြု
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍