အင်းဝမြို့ဟောင်းမှ လေ့လာစရာ လောကသရဖူစေတီ တံတိုင်းတွင်းရှိ လက်ရာမြောက် သိကြားရေစင်သွန်းရုပ်တု
အင်းဝမြို့ဟောင်းရှိ လောကသရဖူ စေတီတော်ကြီးမှာ အင်းဝမြို့အနောက်မျက်နှာ အပြင်မြို့ကြီးအတွင်း ဆင်ကျုံးရွာဦး၌ တည်ရှိသော စေတီတစ်ဆူဖြစ်သည်။ စေတီတော် ပတ်လည်တွင် ထူးခြားသောလေ့ လာစရာများစွာ တည်ရှိနေသည်။ ထိုအထဲတွင် သမိုင်းဝင် သိကြားရေစင်သွန်းရုပ်လည်း ပါဝင်သည်။







