ချင်းပြည်နယ်မှ အခြားတိုင်းဒေသကြီးများသို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းအချို့ ယာယီရပ်ဆိုင်းထားကြောင်းသိရ
ချင်းပြည်နယ် ၊ ဟားခါးမြို့တွင် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလ အတွင်း ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ချင်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီသို့ ပြေးဆွဲလျက်ရှိသော ခရီး သည်တင်ယာဉ်လိုင်းများအား စက်တင်ဘာ ၁၄ ရက်နေ့မှ စတင်၍ ယာယီရပ်ဆိုင်းထားပြီး ဟားခါး−ကလေး ခရီးသည် ယာဉ်လိုင်းတစ်ခုသာ ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိရ








