ငဖဲမြို့နယ်၌ ရခိုင်ပြည်နယ်နှင့်ဆက်သွယ်သည့်ကုန်ကားများအတွက် ပျဉ်းဝကုန်စည်လွှဲပြောင်းရေး စခန်းဖွင့်လှစ်
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချူပ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု ပျဉ်းဝစစ်ဆေးရေးစခန်းအနီး မိုင်တိုင် အမှတ် (၃၉မိုင်၊၄ဖာလုံ)တွင် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သည့် ကုန်တင်ကားများအတွက် ပျဉ်းဝ ကုန်စည်လွှဲပြောင်းရေး စခန်းကို စက်တင်ဘာလ ၄ ရက်က စတင်ဆောက်လုပ်ခဲ့ရာ ယနေ့မှာ စခန်း တည်ဆောက် ပြီးစီးပြီး  ဖွင့်လှစ်လျက်ရှိကြောင်း သိရ
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်  လက်ကမ်းစာစောင်နှင့်နှာခေါင်းစည်းများပေးဝေ
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ရက် (ယနေ့)တွင် ကျရောက်သည့်ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ညောင်ဦးမြို့ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနက ညောင်ဦးမြို့လမ်းဆုံ မီးပွိုင့်နေရာများနှင့် မဏိစည်သူဈေးပတ်ဝန်းကျင် တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ ပေးဝေလှုပ်ရှားမှု ပြုလုပ်ခဲ့ကြာင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒေါ်ကြူ ကြူလွင်(လက်ထောက်ညွှန်ကြားရေးမှူး)ထံမှ သိရ
ဒေါနဘွား အဝေးပြေးယာဉ် ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များအား ဖြတ်သန်းသွားလာခွင့် လက်မှတ်များ စိစစ်ထုတ်ပေး
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ ဒေါနဘွား အဝေးပြေးယာဉ် ရပ်နားစခန်းတွင် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီမှ စတင်၍ ကုန်တင်ယာဉ်များအား ဖြတ်သန်းသွားလာခွင့် လက်မှတ်များ စိစစ်ထုတ်ပေးခြင်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရ
လိုင်လင်းပီမြို့၌ နှာခေါင်းစည်း(Mask)မတပ်ဘဲ အပြင်ထွက်သူများအား ဒဏ်ငွေရိုက်အရေးယူမည်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ အပြင်ထွက်သူများအား ယနေ့မှစ၍ ဒဏ်ငွေရိုက်သည့်စနစ်ဖြင့် အရေးယူဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယမန်နေ့က အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩလျက်ရှိ