အမရပူရမြို့နယ်တွင် ဆည်တော်ကြီးမှ ပေးလွတ်သောရေဖြင့် မိုးစပါး(၁၁၆၅၀)ဧက လျာထားစိုက်ပျိုး၊ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဆည်တော်ကြီးဆည်ရေမှ ပေးလွတ်သောရေဖြင့် မိုးစပါး(၁၁၆၅၀)ဧက လျာထားစိုက်ပျိုးခဲ့ရာ စိုက်ဧက ရာနှုန်းပြည့်နီးပါး စိုက်ပျိုးပြီးစီးကာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။



