တောင်သူဉီးကြီးများ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့်ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် ဆည်မြောင်းစနစ် ဆောင်ရွက်ချက်များ တိုးတက်လာစေရန် နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုအပြင် ရေအသုံးချသူများ ပါဝင်သော ပူးပေါင်းစီမံခန့်ခွဲမှုနည်းလမ်းကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဉီးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။