ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကို  ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် ဒိုက်နှင့် ဗေဒါရှင်းလင်းစက်များ ပေးအပ်လှူဒါန်း
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် ဒိုက်နှင့် ဗေဒါရှင်းလင်းစက် (၂)စီးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့  နံနက် ၉ နာရီခန့်က ညောင်ရွှေမြို့နယ်၊ ဟိုတယ်ဇုန်စက်လှေဆိပ် ရှင်းလင်းဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တွင်းငယ်-ညောင်ပင်စောက်(မိုးမိတ်)လမ်းပေါ်ရှိ ဥမ္မာချောင်းတံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ရှိ တွင်းငယ်-ညောင်ပင်စောက်(မိုးမိတ်) လမ်းပေါ်ရှိ ဥမ္မာချောင်းတံတား ချဉ်းကပ်လမ်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။