ရတနာပုံ တိရစ္ဆာန်ဉယျာဉ် အပန်းဖြေစခန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
ကိုဗစ်ကာလအတွင်း ယာယီပိတ်ထားသော ရတနာပုံ တိရစ္ဆာန်ဉယျာဉ် အပန်းဖြေစခန်းအား  ပြန်လည်ဖွင့်လှစ်ခွင့် ရရှိစေရန် တင်ပြထားရှိမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
သမဝါယမအသင်းများမှ လယ်ယာလုပ်ငန်းများအတွက် ထုတ်ချေးပေးလျက်ရှိသော Exim Bank ချေးငွေ၊ Daedong လယ်ယာသုံးစက်ကိရိယာများ အရစ်ကျရောင်းချခြင်းကိစ္စများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
သမဝါယမအသင်းများအား လယ်ယာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထုတ်ချေးပေးလျက်ရှိသော Exim Bank ချေးငွေကိစ္စ၊ Daedong လယ်ယာသုံးစက်ကိရိယာများ အရစ်ကျရောင်းချပေးလျက်ရှိသော ကိစ္စများနှင့်ပတ်သက်၍ Video Conferencing စနစ်ဖြင့်  သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမ ဦးစီးဌာနနှင့် သမဝါယမ အသင်းစုချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများကို (၁၆)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်(Relief Flight) ဖြင့် ပြန်လည်ပို့ဆောင်ပေး
COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများကို  (၁၆)ကြိမ်မြောက် Relief Flight အဖြစ် စက်တင်ဘာ ၄  ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၁ မိနစ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
လားရှိုးမြို့နယ်၌ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

နေပြည်တော် ၄  စက်တင်ဘာ