ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် နေပြည်တော်ပုံနှိပ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် နေပြည်တော် တပ်ကုန်းမြို့နယ် ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ဇေယျာသီရိမြို့နယ်ရှိ နေပြည်တော် ပုံနှိပ်စက်ရုံတို့တွင် လုပ်ငန်းများ ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။






