ဇလွန်မြို့မဈေးသစ်တွင် ဈေးရောင်းဝယ်သူများ Mask တပ်ဆင်မှု ရှိ ၊ မရှိ နေ့စဉ်စစ်ဆေးခြင်း များဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက်ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှု ရှိ ၊ မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက နေ့စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။






