သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိ

၂၀၂၀ ပြည်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ မကျန်ရှိစေရေး စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာက သစ္စာစီမံချက်ဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လမှစ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ
လွိုင်ကော်မြို့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ အိမ်အပြင်ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အထရရှိစေရေးပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင် ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ နောင်ယားဈေးနှင့် သီရိမင်္ဂလာဈေး(တောင်ဈေး) တို့တွင် ဆောင်ရွက်ခဲ့သည်။ 
ဂန့်ဂေါနှင့် ကျောမြို့တို့တွင် နှာခေါင်းစည်းတပ်ဆင် သွားလာမှု ရှိမရှိ စစ်ဆေး

ဂန့်ဂေါ ၃ စက်တင်ဘာ 

 

အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူး၍ နှာခေါင်းစည်း (Mask)များ ကမ်ပိန်းပြုလုပ်
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူး၍ COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ ကမ်ပိန်းပြုလုပ်ခြင်းကို ယနေ့နံနက် ၇နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာ ရပ်ကွက်၊ ၈၆ လမ်း၊ ၁၂ လမ်းနှင့် ၁၃ လမ်း ကြား၌ ပြုလုပ်ကြသည်။
ဒေသန္တရအမိန့် ညွှန်ကြားချက်များအား အများပြည်သူ သိရှိလိုက်နာဆောင်ရွက်နိုင် စေရန်  အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး

သရက်ချောင်း  ၃ စက်တင်ဘာ

ဓနုဖြူမြို့နယ်အတွင်းရှိ မွေးမြူသူ တောင်သူများထံသို့ တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ မွေးမြူသူ တောင်သူများထံသို့ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးတွင်ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ် ကျန်စိမ့်ကျေးရွာတွင် မျိုးစေ့ထုတ် စိုက်ခင်း (၁၀)ဧကစိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ မနောသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း (၁၀) ဧက စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျန်စိမ့်ကျေးရွာရှိ တောင်သူ(၅)ဦး၏ လယ်မြေတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။