စစ်တွေမြို့နယ်၌ ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေး ကုန်တင်ယာဉ်များ၊ ဆီသယ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး ကုန်တင်ယာဉ်များ၊ ဆီသယ်ယာဉ်များကို စစ်တွေ မြို့နှင့် (၈)မိုင်ကွာဝေးသော ကျောက်တန်းကျေးရွာအနီး ယာယီကားဂိတ်တွင် ကုန်တင်ကုန်ချ ပြုလုပ်ပြီး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် တတိယနှင့် စတုတ္ထသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် တတိယနှင့် စတုတ္ထသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပသည်။  
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးသို့ တက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်(၂၂၈)ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ ဗဟို ပုံနှိပ်စက်ရုံ အစည်းအဝေးခန်း၌ ကျင်းပသည့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးသို့ တက်ရောက်သည်။
ထိုင်းနိုင်ငံရှိ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာန၊ ဂေဟာများနှင့် လူငယ်သင်တန်းကျောင်းတို့တွင် လက်ခံ စောင့်ရှောက်ထားသည့် မြန်မာနိုင်ငံသား(၃၆) ဦးအား ပြန်လည်လွှဲပြောင်းလက်ခံ
ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေအရ ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူများ အဖြစ် စိစစ် ဖော်ထုတ်သတ်မှတ်ခဲ့သည့် လူကုန်ကူးခံရသူ (၃၂) ဦးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအရ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူ အမျိုးသား ကလေး(၄)ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား(၃၆)ဦးအား ယနေ့တွင်  မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားအမှတ်(၂)မှ တဆင့် ပြန်လည်လွှဲပြောင်း လက်ခံခဲ့သည်။ 
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စက်ချွတ်ယွင်း၍ ရပ်တန့်ထားသော ရွှေမန်းသူခရီးသည်တင် ယာဉ်အား ခြောက်ဘီးယာဉ်မှ အရှိန်လွန်ဝင်တိုက်မိ နှစ်ဦးသေဆုံး
ရန်ကုန်-မန္တလေး အမြန်လမ်းကြီး တောင်ငူမြို့နယ် မိုင်တိုင် ၁၅၃/၅ အနီးတွင် သြဂုတ် ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဇီးပင်သာအမြန်လမ်းရဲစခန်းမှ စခန်းမှူးရဲအုပ်မင်းနိုင် ဦးစီးအဖွဲ့သည် အမြန်လမ်း မီးသတ်အဖွဲ့နှင့် အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။