ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး 
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ၊  အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း၊ ပင်လုံခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။ 
ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁၃၉)ဦးအား  မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ
ဇလွန်မြို့နယ်တွင်  မြေယာနှင့် သီးနှံနစ်နာကြေးပေးလျော်ခြင်း အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် သဲကုန်းကျေးရွာအုပ်စုတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိိုးတိုးတက်ရေးဦးစီးဌာနမှ ဧရာဝတီဖြတ် မြောင်းတူးဖော် ဖောက်လုပ်ခဲ့မှုကြောင့် သဲကုန်းကျေးရွာအုပ်စုအတွင်း ပျက်စီးသွားသော တောင်သူများ၏ ကိုင်းမြေများအား မြေယာနစ်နာကြေးနှင့် သီးနှံနစ်နာလျော်ကြေး ပေးလျော်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။