ကျွန်းစုမြို့တွင် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုမရှိပါက ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့်အညီ ရောင်းချမှုမရှိပါက ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရ







