ပန်းတောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ခုနစ်ရက် တိုးမြှင့် ကပ်ထားကြေညာ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ်
ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း  တင်သွင်းလွှာများ စိစစ်
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို  ဩဂုတ် ၁၁ ရက် နံနက်၁၀နာရီက ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စတင်စစ်ဆေးသည်။
ကျိုင်းလပ်မြို့၌ CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း ဧက ၂၀ တွင် မျိုးကွဲနုတ်ပယ်ခြင်းဆောင်ရွက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်ဖြင့် ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ခင်းကို ဩဂုတ် ၁၁ ရက်က တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများ မျိုးကွဲ နုတ်ပယ်ခြင်းကို သရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း မြို့ဦးစီးမှူးရုံး စိုက်ပျိုးရေးဦးစီးဌာနမှ သိရ
မတ္တရာမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းနေရသည့် ကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာ အိတ်များ ပေးအပ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မတ္တရာမြို့နယ်၌ ဧရာဝတီမြစ်ရေ ဝင်ရောက် မှုကြောင့် ရွှေပြောင်းကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာအိတ် ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
မိုးပြောင်းစိုက်ပျိုးသည့် တောင်သူများ ထွက်နှုန်းလျော့သည့်အပြင် ဈေးကွက်မကောင်း၍ အရှုံးပေါ်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊  မြို့လှမြို့နှင့် ရေနီမြို့အကြား  မိုးပြောင်းကို အဓိက စိုက်ပျိုးသည့် ဆပ်သေကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာ ဝန်းကျင်မှ မိုးရာသီ စားပြောင်းများ စတင် ပေါ်ချိန်တွင် မိုးရွာသွန်းမှုနည်းပါးကာ နေ့အပူချိန်မြင့်တက်ခြင်းနှင့် မျိုးမကောင်းသည့်အတွက် အထွက်နှုန်း လျော့ကျသည့်အပြင် ဈေးကွက်တွင်ရောင်းချရာ၌ ထက်ဝက်မက အရှုံးပေါ်လျက်ရှိကြောင်း ဒေသခံတောင်သူများ ပြန်လည်ရောင်းချသူများထံမှ သိရ