ကော့သောင်းမြို့နယ်အတွင်း သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့မှုများဆောင်ရွက်
ကော့သောင်းခရိုင်အတွင်း ဩဂုတ်လပထမပတ်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခက်မှုကြောင့် သဘာဝ ဘေးဒဏ်သင့်ခဲ့ကြသည့် ကော့သောင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာမှ အိမ်ထောင်စုများအား ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ကူညီမှုလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။








