နတ်တလင်းမြို့နယ်၌  အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ သြဂုတ် ၁၀ ရက် မွန်းလွဲ ၁ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထောက်ပံ့ပေးသော Outdoor Fitness Equipment များနှင့် မြို့နယ် အားကစားနှင့် ကာပညာဦးစီးဌာနမှ ပေးအပ်သည့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကျင်းပ
နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၀)ကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်၌ ကမ်းပြို၍ ပြောင်းရွေ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်၌ ကမ်းပြို၍ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု ၁၇ စုအား ကယ်ဆယ်ရေးပစ္စည်းနှင့်အတူ ငွေသားများကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောကြားသည်။ 
မုံရွာမြို့နယ် "ရတနာဝင်း" လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းအား (၁၃)ကြိမ်မြောက် CEB ချေးငွေ၊ စုဆောင်းငွေပေါ်အတိုးပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် "ရတနာဝင်း"လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါ ယမအသင်းအား(၁၃)ကြိမ်မြောက် CEB ချေးငွေ၊ စုဆောင်းငွေပေါ် အတိုးများကို အသင်းသား များ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း မုံရွာမြို့နယ် သမဝါယမဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးခင်မောင်လွင် ကပြောကြား
ကိုဗစ်-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ၊ စပါးမျိုးသန့်ထုတ် တောင်သူများအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ထုတ်ပေးသွားမည်
နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလစီးပွါးရေးကုစားမှု အစီအစဉ်၊  Covid-19 Economic Relief Plan (CERP) အရ စပါးမျိုးသန့်ထုတ် တောင်သူများအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ထုတ်ပေးသွားမည်ဖြစ်ကြောင်း  သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  မျိုးသန့်မျိုးစေ့ထုတ်လုပ်သူ တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းပွဲမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် တောင်သူပေါင်း ၁၀ သိန်းကျော်အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးထား
မန္တလေးတိုင်းဒေသကြီးတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးထာသည့် တောင်သူပေါင်း ၁၀၇၄၀၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း က ပြောသည်။