မန့်ဟီးရိုးမြို့ နယ်စပ်ဒေသရှိ နိုင်ငံသားအသိအမှတ်ပြုလက်မှတ်မရှိသူ ဒေသခံပြည်သူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်း ကောက်ကွက် ကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းမဲပေးနိုင်ရန်နှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး ကိုင်ဆောင် လက်မှတ်မရှိဟု ဖော်ပြထားသူများအား နိုင်ငံသားအသိအမှတ်ပြုလက်မှတ် ဆောင်ရွက်ပေးခြင်းကို ဩဂုတ် ၁၁ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။







