တောင်ကြီးမြို့၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့နည်းစေရေး အဘိတ်ဆေးမှုန့်ခတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များသို့ ယနေ့နံနက်ပိုင်းက စတင်ပြီး ကွင်းဆင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ရေပုံး၊ ရေကန်များတွင် အဘိတ်ဆေးမှုန့်ခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
လေးမျက်နှာမြို့နယ်  သဲနုကုန်းကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိရန် လိုအပ်သည့်သဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ ပျက်စီး၊ ပျောက်ဆုံးသူများအား
မရမ်းကုန်းမြို့နယ်၌  ပြည်သူများ  အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာက နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို  ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်၌ ဆောင်ရွက်သည်။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊  စီးပွားရေးနှင့် ကူးသန်း‌‌ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း‌ ‌ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့်အတူ သြဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာ ချီပါမျိုးသန့်ခြံသို့ ရောက်ရှိပြီး
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပဲခူးတိုင်းဒေသကြီးနှင့်  မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်-ပြည်လမ်း အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဓာတ်မှန်ပညာဌာနနှင့် အရေးပေါ်ကုသမှုဆေးပညာဌာနများ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် အစည်းအဝေးခန်းမ၌ ဓာတ်မှန်ပညာဌာနနှင့် အရေးပေါ် ကုသမှုဆေး ပညာဌာနများ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ အထူးကုဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးသည်။