ရေဦးမြို့တွင် သဘာဝရေပြင်၌ ငါးရှဉ့်မျိုးစိုက်ထည့်
သဘာဝရေပြင်ပတ်ဝန်းကျင်တွင် ငါးရှဉ့်မျိုးစိတ်များရှားပါးလာသဖြင့် မျိုးသုဉ်းမှုမှ ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနသည် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ငါးရှဉ့်မျိုးစိတ် သယံဇာတတိုးပွားစေရေး မျိုးစိုက် ထည့်ခြင်း အခမ်းအနားကို ရေဦးမြို့နယ်၊ မူးမြစ်အတွင်း ဩဂုတ် ၇  ရက် မွန်းတည့် ၁၂  နာရီက ပြုလုပ်ခဲ့သည်။
မကွေးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ငွေကျပ်  သန်း ၃၃၀  လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မကွေးမြို့နယ် မြင်းကင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပသည်။ 
လွိုင်ကော်မြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ လွိုင်ကော်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မဲစာရင်း ကပ်ထားကြေညာနေမှုနှင့် ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေမှုကို