တပ်ကုန်းမြို့နယ်၌  မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်မှ ကွင်းဆင်းစစ်ဆေး

နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကြေညာထားရှိ ခြင်းဖြစ်ရာ ယနေ့မွန်းတည့် ၁၂ နာရီက အဆိုပါမဲစာရင်းကပ်ထားကြေညာမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တိုင်းဒေသကြီး/ခရိုင်မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း CERP Action Plan အရ ငါးသားပေါက်များ ထောက်ပံ့ခြင်းနှင့် ရေအရည်အသွေး စစ်ဆေးရေးနှင့် ဓာတ်ခွဲခန်းအား ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်များရှိ ငါးမွေးတောင်သူ များသို့ COVID-19 Economic Relief Planတွင် ပါရှိသော Action planအရ COVID-19 အလွန် ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ခြင်း အခမ်းအနားကို ဩဂုတ်  ၈ ရက်က ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းပညာပေး သင်တန်းခန်းမ၌ ကျင်းပသည်။