ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း အခြေခံလူတန်းစားများသို့ ဟင်းစားငါးနှင့် နှာခေါင်းစည်းများ လိုက်လံထောက်ပံ့ လှူဒါန်းလျှက်ရှိ

ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိသည့် မြို့နေရပ်ကွက်တချို့မှ အခြေခံလူတန်းစား မိသားစုများသို့ ဟင်းစားငါးများနှင့်နှာခေါင်းစည်းများ လိုက်လံထောက်ပံ့ လှူဒါန်းလျှက် ကိုဗစ်-၁၉ ရောဂါကာကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ လိုက်လံကူညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဧပြီလ ၂၁ ရက်နေ့က သိရ
ကျိုက်မရော မြို့မြန့်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများပင်စင်ထုတ်ပေးရာတွင် အဆင်ပြေစေရန် ဆောင်ရွက်ထားပေး
မော်လမြိုင်ခရိုင် ကျိုက်မရော မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများပင်စင်ထုတ်ပေးရာတွင် အဆင်ပြေစေရန် စီ စဉ်ဆောင်ရွက်ပေးထားကြောင်း သိရ
လွိုင်ကော်မြို့တွင် ပြည်နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ပြည်နယ်အတွင်း Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် ပြည်နယ်အဆင့် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)အား ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်
ဧရာဝတီတိုင်း‌ ‌ဒေသကြီး ဟင်္သာတခရိုင်  နှာခေါင်းစည်း(mask)များ ချုပ်လုပ်ပြီး ဖြန့်ဝေလှူဒါန်း
ဧရာဝတီတိုင်း‌ ‌ဒေသကြီး ဟင်္သာတခရိုင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက နှာခေါင်းစည်း mask များ ချုပ်လုပ်ပြီး အခမဲ့ဖြန့်ဝေ လှူဒါန်းလျက်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှုး ဦးမျိုးအောင်ထံမှ သိရ
ကန်ကြီးထောင့်မြို့နယ်တွင်  လူနာတင်ယာဉ်မောင်းများအား PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်နည်းနှင့် ချွတ်နည်းများအား လက်တွေ့သရုပ်ပြ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်တွင် PPE ဝတ်စုံ (အပြည့်) စနစ်တကျ ဝတ်ဆင်နည်းနှင့် ဝတ်စုံချွတ်နည်းများအား လက်တွေ့သရုပ်ပြခြင်းကို ဧပြီ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် မီတာခ လာရောက်ပေးဆောင်သူများအား စနစ်တကျ ထားရှိဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မီတာဘေလ်ပေးဆောင်ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်လျှပ်စစ်မီတာရုံးမှ  လူစုလူဝေးများ မဖြစ်ပေါ်စေရေး အတွက် လာရောက်မီတာဘေလ် ပေးဆောင်သော ပြည်သူများအား လျှပ်စစ်မီတာဘေလ် ပေးဆောင် ရမည့် နေ့ရက်များနှင့် အသိပညာပေး ကြေငြာစာကပ်ထားပေးခြင်း၊ တုန်ကင်စနစ်ဖြင့် အလှည့်ကျ ပေးဆောင်စေခြင်း၊ ပေးဆောင်ရာတွင် တစ်ဉီးနှင့် တစ်ဦး(၃) ပေကွာ မှပေးဆောင်နိုင်ရန်  စီစဉ်ထားရှိ ပေးထားခြင်းနှင့် လက်ဆေးဘေစင်များထားရှိ ပေးထားခြင်းကို ဧပြီလ ၂၀ ရက်နေ့မှစတင်၍ မြို့နယ် လျှပ်စစ်ရုံးတွင် ဆောင်ရွက်ထားရှိပေးထားကြောင်း သိရ
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ဈေး၌ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း(Mask)များ ချုပ်လုပ်ဖြန့်ဝေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)ရောဂါ ကြိုတင် ကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်အတွက် နှာခေါင်းစည်း(Mask)များ ချုပ်လုပ်၍ (အခမဲ့)ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီက  ကျည်တောင်ကန်ဈေး၌ ဆောင်ရွက်ခဲ့