တာမွေမြို့နယ်တွင် လျှပ်စစ်ဓာတ်အားခ လာရောက်ပေးဆောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  စနစ်တကျဆောင်ရွက်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် လျှပ်စစ်ရုံးတွင် ယနေ့ မီတာခ လာရောက် ပေးဆောင်သူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  Mask များ တပ်ဆင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ စနစ်တကျတန်းစီကာ အလှည့်ကျပေးဆောင်လျက်ရှိကြောင်း သိရသည်။
ရေနံမျော (Transport Pass) အခွန်ဆောင်ပြီး လုပ်ငန်းရှင်များ မျောပြန်အပ်ပါက သက်တမ်းတိုးပေးမည်

သင်္ကြန်ရုံးပိတ်ရက်နှင့် Stay Home ကာလပြည့်သွား၍ ရန်ကုန် ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်ကမ်း၌ ခရီးသည် စီးနင်းမှုများပြားလာ

ရန်ကုန်   ၂၁  ဧပြီ

 

နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် မီးသတ်ဦးစီးရုံးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်း၌ ပိုးသတ်ဆေးဖျန်းနေစဉ်

နေပြည်တော် ၂၁ ဧပြီ
 

နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် မီးသတ်ဦးစီးရုံးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေပြည်တော်စည်ပင်သာယာကော်မတီ ဧည့်ရိပ်သာ၌ ပိုးသတ်ဆေးဖျန်းနေစဉ်

နေပြည်တော် ၂၁ ဧပြီ

 

ပန်းဘဲတန်းမြို့နယ် မြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့မဈေးအတွင်း ဈေးသူ ဈေးသားများနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ စနစ်တကျ ရောင်းချဝယ်ယူနိုင်စေရန် အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။