ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှတစ်ဆင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများနှင့် ကျန်းမာရေး စောင့်ကြည့်စခန်းများအရောက် နေ့စဉ်လှူဒါန်းလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့အတွက် PPE Medical ၂ စုံ PPE Normal ၁၀ စုံ ၊ Hand Gel 180 ml ၅၀လုံး ၊ လက်သန့်ဆေးရည် 20L ၂ လုံး၊ မျက်မှန် ၅ လက်၊ Mask ၅၀ဝ ခု၊ Thermometer ၁ ခု၊ ကြက်ဉအလုံး ၅၀ဝ ကိုလည်းကောင်း၊ တောင်ကြီးခရိုင်အတွင်းရှိ ကလောမြို့နယ်၊ ရွာငံမြို့နယ်နှင့် ဖယ်ခုံမြို့နယ် ကယန်းကျေးရွာနှင့် ပင်လုံမြို့နယ်အတွက် ကြက်ဥအလုံး ၁၂၀ဝ၀ ကိုလည်းကောင်း၊ မေတ္တာရှင် Quarantine စခန်းနှင့် စမ်းလပမာမိဘမေတ္တာ ပရဟိတဂေဟာအတွက် နှင့် အခြား ထောက်ပံ့ ပစ္စည်းများနှင့် အေးသာယာအခြေခံအကျဆုံး ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၂၀ဝ အတွက် ကြက်ဥအလုံး ၂၀ဝ၀ ကိုလည်းကောင်း၊ ဥတ္တရာရုံကျောင်းတိုက်၊ ကံဉီးကျောင်းတိုက်၊ မြို့ဦး ကျောင်းတိုက်နှင့် မင်းကွန်းကျောင်းတိုက်များသို့ ကြက်ဥအလုံး ၂၁၀ဝ လုံးကိုလည်းကောင်း၊ သနပ်ခါးကျေးရွာ၊ နောင်ကားကျေးရွာ၊ ဥမင်ကျေးရွာနှင့် နမ့်စန်မြို့၊ တောင်လေးလုံး စစ်ဆေးရေးဂိတ် နှင့် ဒက္ခိဏာရာမကျောင်းတိုက် ရွှေညောင်မြို့များ အတွက် HandGel၊ ကြက်ဥနှင့် ကာကွယ်-ထောက်ပံ့ရေးပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့