ပြင်ဦးလွင်မြို့နယ်အတွင်း စားသောက်ဆိုင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိ ကွင်းဆင်းကြည့်ရှု
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ကျန်းမာရေးညွှန် ကြားချက်များ လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိကို ယနေ့နံနက်ပိုင်းက မန္တလေး - လားရှိုးလမ်းဘေး ဝဲ၊ ယာ တစ်လျှောက်ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိသည်။





