မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းများစတင်ဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် စာသင်ကျောင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ပြီး သင်ကြားလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ကျုံပျော်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့ကျခဲ့

ကျုံပျော် ၂၁ ဇူလိုင် 

 

ထန်ပါခွေမြို့တွင် အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါ‌ခွေမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ဇူလိုင် ၂၁ ရက်မှစတင်ကာ ဒသမတန်း သင်ရိုးသစ်၊ သင်ရိုးဟောင်း အထက်တန်းအဆင့် အတန်းများ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
ဖလမ်းမြို့ မြို့ပြစီမံကိန်းအတွင်း မြေကွက် (၂၄၇) ကွက်ကို ပြည်သူများထံ ရောင်းပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
ဖလမ်းမြို့ မြို့ပြစီမံကိန်းအတွင်း မြေကွက် (၂၄၇) ကွက်ကို ပြည်သူများထံ ရောင်းပေးနိုင်ရေး ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ဖလမ်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညိှနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၀ ရက် ညနေပိုင်းက ဖလမ်းမြို့ တောင်ဇလပ်ရိပ်သာခန်းမ၌ ပြုလုပ်သည်။
ထီးချိုင့်မြို့၌ တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်း လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီက မြို့မစည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များတွင် တားမြစ် ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းလိုက်နာမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
Cash For Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၀)ရွာမှ ရွေးချယ်ထားသော လုပ်ငန်းများအား အတည်ပြုပေးနိုင်ရေး (TPIC) လုပ်ငန်းညှိနှိုင်းစည်းဝေး
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၁၀) ရွာမှ ရွေးချယ်ထားသော လုပ်ငန်းများအား အတည်ပြုပေးနိုင်ရေး TPIC (Township Planning and Implementation Committee) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ချင်းတွင်းမြစ်အတွင်းရှိ ကုန်တင်ရေယာဉ်များနှင့် လူစီးအမြန်ရေယာဉ်များ မြစ်ရေကြီးချိန်မြစ်ကမ်းဘေး ကျေးရွာများအနီး ဖြတ်သန်းစဉ် အရှိန်လျှော့မောင်းနှင်ရန်လိုအပ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ပြေးဆွဲလျက်ရှိသော ကုန်တင် ရေယာဉ်များနှင့် လူစီးအမြန်ရေယာဉ်များ မြို့များနှင့်ကျေးရွာများ အနီးမှဖြတ်သန်းစဉ် အရှိန်လျှော့ မောင်းနှင်ကြရန်လိုကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်း ထံမှ သိရသည်။