အာရှပစိဖိတ်ဒေသဆိုင်ရာ ဝိုင်အမ်စီအေအဖွဲ့ချုပ် အမှုဆောင်ကော်မတီ အစည်းအဝေးတွင် မြန်မာဝိုင်အမ်စီအေဖွဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင်များ Video Conferencing ဖြင့် ပါဝင်ဆွေးနွေး
အာရှပစိဖိတ်ဒေသဆိုင်ရာ ဝိုင်အမ်စီအေအဖွဲ့ချုပ် အမှုဆောင်ကော်မတီ အစည်းအဝေးကို ဇူလိုင် (၂)ရက်နှင့် (၃)ရက်တို့တွင် ကျင်းပရာ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဝိုင်အမ်စီအေအဖွဲ့ချုပ် ဥက္ကဋ္ဌ Prof.Chen Chin-Seng နှင့် အထွေထွေအတွင်းရေးမှူး Mr.Nam Boo Won နှင့် အမှုဆောင်ကော်မတီဝင်များ၊ နိုင်ငံအသီးသီးမှ ဝိုင်အမ်စီအေ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးများ ကမ္ဘာ့ဝိုင်အမ်စီအေအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Mr.Carlos Senvee နှင့် အမှုဆောင်ကော်မတီဝင်များ တက်ရောက်ကြသည်။






