ဆရာတော် ဉူးသုမင်္ဂလ၏ လမ်းညွှန်မှုဖြင့် ရှင်းသန့်မြင့်စေ - ပုဂံမြေ ပရဟိတအသင်းသား ၅၀ဝ ခန့် သည် ဆရာတော် ဦးဝိစာရ ၊ ပုဂံမြို့ ၊ ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်း နာယကဆရာတော် ဦးသာဂရတို့ ဦးဆောင်သော သစ္စာမဏ္ဍိုင်ပရဟိတအသင်းသားများနှင့် ပူးပေါင်းပြီး ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ သန့်ရှင်းသာယာလှပစေရေးအတွက် ဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ပုဂံမြို့ဟောင်းသွား လမ်းဘေး(ဝဲ၊ယာ) ၊ သရပါတံခါး အနီးဝန်းကျင် ၊ သဗ္ဗညုဘုရားအနီးဝန်းကျင်နှင့် ရွှေဆံတော်ဘုရားသွားလမ်း ၊ လမ်းဘေး (ဝဲ ၊ ယာ)များရှိ ခြုံနွယ် ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူ ရှင်းလင်းခြင်းနှင့် တံမြက်စည်းလှဲခြင်းလုပ်ငန်းများကို ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ