(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲများ ကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပပြီး ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး၏ ပံ့ပိုးကူညီမှုဖြင့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲများကို မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရ
မကွေးတိုင်းရှိ နိုင်ငံပိုင် ရေနံမြေခုနစ်ခုမှ တစ်နှစ်အတွင်း ရေနံစိမ်းစည်ပေါင်း ၂၁သိန်းကျော်ထွက်ရှိ
ပြည်ထောင်စုအဆင့်မှစီမံခန့်ခွဲသည့် နိုင်ငံပိုင်ရေနံမြေ(၁၂)ခုတွင် မကွေးတိုင်းမှ(၇)ခုပါဝင်နေပြီး တစ်နှစ်အတွင်း  ရေနံစိမ်းစည် ၂၁သိန်းကျော် ထွက်ရှိခဲ့ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့မှ သိရသည်။
ရွေးကောက်ပွဲလုပ်ငန်းများ ပိုမိုကျွမ်းကျင်လာစေရန် ခရိုင်အဆင့်စွမ်းရည်မြှင့်သင်တန်း မကွေးမြို့၌ ပြုလုပ်
မကွေးခရိုင်အတွင်းရှိ အများပြည်သူကြည်ညိုလေးစားခံရသည့်ပုဂ္ဂိုလ်(၃၈)ဦးနှင့် ဝန်ထမ်း(၁၁)ဦးအား ရွေးကောက်ပွဲလုပ်ငန်းများ၌ ပိုမိုကျွမ်းကျင်လာစေရန် ခရိုင်အဆင့် စွမ်းရည်မြှင့်သင်တန်းကို မကွေးမြို့ စုပေါင်းရုံးခန်းမ၌ ဇန်နဝါရီလ  ၄ ရက်နေ့ နှင့် ၅ ရက်နေ့များ၌  ပို့ချခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရ
သု၀ဏ္ဏဝတီမြို့၌ ကျောင်းသား ကျောင်းသူကလေးငယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ဟောပြောပွဲကျင်းပ 
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ အ.ထ.က(သိမ်ဆိပ်) ဘက်စုံအားကစားခန်းမ၌ ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီက ကျောင်းသား ကျောင်းသူ ကလေးငယ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဟောပြောခဲ့သည်။ 
ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်ပန်းတောင်းလူငယ်များဦးဆောင်၍ လူငယ်စွမ်းရည်ပြပွဲ ပြုလုပ်မည်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ကျောက်ပန်းတောင်းလူငယ်များ ဦးဆောင်၍ လူငယ်စွမ်းရည်ပြပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကမာရွတ်မြို့နယ် နာနတ်တောလမ်းနှင့် ဘုရင့်နောင်လမ်းဆုံ လူကူးခုံးကျော်တံတားဖွင့်

ရန်ကုန် ၄ ဖေဖော်ဝါရီ 

ရန်ကုန်မြို့ပတ်ရထားများ အချိန်စာရင်း ပြောင်းလဲပြေးဆွဲမည်
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိဆောင်ရွက်ဆဲနေရာများတွင် လုပ်ငန်းများပြီးစီးပြီဖြစ်၍ ဆောင်ရွက်ရန်ကျန်ရှိသော နေရာများတွင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့ပတ်ရထားများ၏ အချိန်စာရင်းကို ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။