မိုးကောင်းမြို့တွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးတို့ကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် အသက်(၂)နှစ်အောက် ကလေးများ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးမည့် အစီအစဉ်တစ်ရပ် ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ဖွင့်လှစ်ကြောင်း သိရသည်။